IBEC ဆရာတော်အတွက် တတိယမြောက်ထပ်ဆင့် ချီးမြှင့်အပ်နှင်းခံရသည့် ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့ဖြစ်။
သြဂုတ် ၁၆ ၊ စစ်ကိုင်း။
၂၀၂၅ ခုနှစ်၊ သြဂုတ် လ ၁၆ ရက်နေ့
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Asian University International မှ ပညာရေးဆိုင်ရာစီမံခန့်ခွဲမှုဂုဏ်ထူး ဆောင်ပါရဂူဘွဲ့ကို မနီလာမြို့ရှိ၊ Heritage Hotel၊ The Grand Ballroom ခန်းမကြီးတွင် IBEC ဆရာတော်အား ချီးမြှင့်အပ်နှင်းခဲ့ပြီဖြစ်သည်။
အဆိုပါချီးမြှင့်အပ်နှင်းခံရသော ဂုဏ်ထူးဆောင်ပါရဂူဘွဲ့သည် IBEC ဆရာတော်အနေဖြင့် နှစ်ပေါင်း (၂၀) ကာလအတွင်း ဆောင်ရွက်ခဲ့သော ပညာရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပညာရေးဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပညာရေးဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံစီမံဆောင်ရွက်ခဲ့မှုများကြောင့် ချီးမြှင့်အပ်နှင်းခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ်၊ မေလ ၁၉ ရက်နေ့ကလည်း International Human Rights မှ ဆရာတော်ဘုရား၏ လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်များ၊ Covid – 19 ကပ်ရောဂါကာလအတွင်း ဆောင်ရွက်ချက်များအား ဂုဏ်ပြုခြင်းဖြင့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့၊ ၂၀၁၉ ခုနှစ် မေလ (၃၀) ရက်နေ့ကလည်း International Peace University မှ “ Doctor of Social Works ” အဖြစ် ချီးမြှင့်ခဲ့ပြီး ယခုအခါသည် တတိယအကြိမ်မြောက်ဖြစ် ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည်။