ဝါလကင်းလွတ် သီတင်းကျွတ် မြတ်ဆရာပူဇော်ပွဲ တို့ဆင်နွှဲ

ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလ မုတ္တမံ” ၊ ​ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြတ်သောမင်္ဂလာမည်၏။

IBEC ကျောင်းတိုက်ကြီး၏ ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယ၊ ပူဇော်ထိုက်သော ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ရည်မှန်း၍ ကျောင်းတိုက်ရှိ IBEC ဆရာတော်အမှူးပြုသော IBEC နာယကဆရာတော်များ၊ စာချဆရာတော်များအား IBEC Education Development Co.ltd ၏ CEO နှင့် BOD ကြီးများဦး​ဆောင်သော သင်ကြား/စီမံ ရုံးအဖွဲ့၊ IBEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ လက်ဆယ်ဖြာမိုး၍ ရှိခိုးကန်တော့သည့် “ ဝါလကင်းလွတ်သီတင်းကျွတ် မြတ်ဆရာပူဇော်ပွဲ” အား ယနေ့မနက်ပိုင်းတွင် IBEC ကျောင်းတော်ကြီး၌ ကျင်းပ​ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ပူဇော်ပွဲအခမ်းအနား၌ IBEC နာယကဆရာတော်များမှ ​သြဝါဒကထာများချီးမြှင့်ပေးခြင်း၊ မေးခွန်းများမေးမြန်း၍ ဆုများချီးမြှင့်ခြင်း၊ IBEC Education Development Co.ltd ၏ CEO နှင့် BOD ကြီးများဦး​ဆောင်သော ဆရာ၊ ဆရာမများအား ကျောင်းသား/သူ များမှ ကန်တော့ခြင်းအစီအစဥ်များဆောင်ရွက်ခဲ့ပြီး သင်ကြား/စီမံရုံးအဖွဲ့အား သီတင်းကျွတ်လက်ဆောင်များအား ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် မနက်ပိုင်း ၁၀ နာရီအချိန်တွင် အခမ်းအနားအား ရုတ်သိမ်းခဲ့လေသည်။