မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် MCOOC မှ ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ပြည်သူများအတွက် န့် စုစုပေါင်း သိန်း (၂၀၀) တန်ဘိုးရှိ စားနပ်ရိက္ခာများအား လာရောက်လှူဒါန်း။

မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် MCOOC မှ ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ပြည်သူများအတွက် ဆန်အိတ် (၁၀၀)၊ ဆီ ပိဿာ (၅၀၀) နှင့် ဆား၊ ငရုပ်၊ ကြက်သွန်၊ သောက်သုံးရေသန့် စုစုပေါင်း သိန်း (၂၀၀) တန်ဘိုးရှိ စားနပ်ရိက္ခာများအား လာရောက်လှူဒါန်း

ဧပြီ ၁၊ စစ်ကိုင်း။

မတ် လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးအား ပြင်းထန်စွာခံစားခဲ့ရသော စစ်ကိုင်းဒေသခံပြည်သူများအတွက် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် MCOOC မှ ဆန်အိတ် (၁၀၀)၊ ဆီ ပိဿာ (၅၀၀) နှင့် ဆား၊ ငရုပ်၊ ကြက်သွန်၊ သောက်သုံးရေသန့် စုစုပေါင်း သိန်း (၂၀၀) တန်ဘိုးရှိ စားနပ်ရိက္ခာများအား လာရောက်လှူဒါန်းခဲ့သည်။

ယနေ့မနက်ပိုင်းအချိန်တွင် စစ်ကိုင်းမြို့၊ IBEC ကျောင်းတိုက်ကြီးသို့ လာရောက်၍ လှူဒါန်းခြင်းဖြစ်ပြီး IBEC ကျောင်းတော်ကြီးမှ တဆင့် အမှန်တကယ် ငလျင်ဘေးဒဏ်သင့်ပြည်သူများ၏ လက်ဝယ်သို့ အရောက်ပို့ဆောင်ပေးမည်ဖြစ် ကြောင်းဆရာတော်မှ မိန့်ကြားခဲ့သည်။

IBEC ကူညီကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေးစင်တာအား IBEC ဆရာတော်ဦးဆောင်မှုဖြင့် တည်ထောင်ထားပြီး ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းစဥ်များနေ့ရောညပါ ဆောင်ရွက်လျက်ရှိသည်။