IBEC Private High School

About Our Program

IBEC ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ ထွဋ်ခေါင် (ဆန်းသစ်) ကျေးရွာ၊ သီတဂူဝိပဿနာအကယ်ဒမီသွားရာလမ်းပေါ်တွင် ဖွင့်လှစ်ထားရှိပါသည်။

Ongoing Activities

Our comprehensive programs and initiatives that are actively shaping the educational landscape

IBEC ကျောင်း၏ အစ နှင့် သင်ကြားမှု အဆင့်များ

IBEC ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းသည် ၂၀၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး KG မှ Grade – 12 အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ကျောင်းသား/ကျောင်းသူများ အနေဖြင့် နှစ်စဥ် ကျောင်းသားအင်အား (၂၀၀၀) ကျော်တက်ရောက်လျက်ရှိပေသည်။

လူထုအခြေပြုပညာရေး စနစ်နှင့် IBEC

IBEC ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းသည် လူထုအခြေပြုပညာရေးစနစ် (Community-based Education System) ကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်နေသော ကျောင်းလည်းဖြစ်ပေသည်။

ပညာရေး၊ အနုပညာနှင့် လူမှုဝန်ထမ်း လုပ်ငန်းများ၌ ထူးချွန်သော IBEC

IBEC ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းသည် ပညာရေးတွင်သာမက လူမှုအကျိုးပြုလုပ်ငန်းများ၊ စာပေ၊ ဂီတ၊ အနုပညာ၊ အားကစားများတွင်ပါ ထူးချွန်ကြသော ကျောင်းသား/ကျောင်းသူများကို မွေးထုတ်ပေးလျက်ရှိပေသည်။ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၀၀၀) ကျော်အတွက် ပညာနို့ရည်တိုက်ကျွေးလျက်ရှိသော ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်း ဖြစ်ပေသည်။

Program Gallery

A glimpse into our learning environment, facilities, and student experiences.