IBEC ကျောင်းတော်ကြီး၏ ဘုန်းတော်ကြီးသင်ပညာရေးကို ၂၀၀၈ ခုနှစ်တွင် ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာအရှင်သောဘိတ မှ စတင်တည်ထောင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ စတင်တည်ထောင်စဉ်က အဆိုပါခေတ်ကာလ သာသနာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ အမှတ် (၂၆) ဘုန်းတော်ကြီးသင်ပညာရေး အခြေခံပညာမူလတန်း(လွန်) ကျောင်းအဖြစ် အခြေခံပညာသင်ကြားခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။
Our comprehensive programs and initiatives that are actively shaping the educational landscape
၂၀၀၈ ခုနှစ် မှ စတင်၍ တည်ထောင်ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် နှစ်စဉ် ကိုရင်၊ သာမဏေ၊ သီလရှင် ကျောင်းသား/သူ လူပုဂ္ဂိုလ်များ စုစုပေါင်း (၂၀၀၀) ကျော်တက်ရောက် ပညာသင်ကြားလျက်ရှိပါသည်။
ပညာသင်စရိတ်သည် စတင်တည်ထောင် ဖွင့်လှစ်စဉ်ကာလကတည်းကပင် ယခုအချိန် အထိ အခမဲ့ပညာသင်ကြားပေးနေသော အခမဲ့ပညာရေးစနစ် (Free Education System) ဖြစ်သည်။
၂၀၁၂-၂၀၁၃ ပညာရေးနှစ်နောက်ပိုင်းတွင် သမ္မတကြီးဦးသိန်းစိန်လက်ထက် နှင့် နောက်ပိုင်းအစိုးရလက်ထက်များ၌ ပညာရေးဝန်ကြီးဌာန နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ အသိအမှတ်ပြုမှုတို့ကြောင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမျိုးသားပညာရေးဥပဒေ မပြဌာန်းမီကာလအထိ KG မှ Grade – 12 အထိ စဥ်ဆက်မပြတ် သင်ကြားဆောင်ရွက်ပေးခဲ့သည်။
IBEC ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် လူထုအခြေပြုပညာရေးစနစ် (Community-based Education System) ကိုလည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသောကျောင်းတော်ကြီးလည်းဖြစ်သည်။
သင်ကြား/စီမံ ဝန်ထမ်း (၇၀) ကျော်တို့ဖြင့် လည်ပတ်ဆောင်ရွက်နေပြီး ကျောင်းအုပ်ဆရာတော်မှာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာအရှင်သောဘိတဖြစ်၍ တာဝန်ခံအကြီးအမှူးမှာ ဆရာမကြီးဒေါ်အေးမြင့်သူဖြစ်ပေသည်။
IBEC ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် ပညာရေးဝန်ကြီးဌာန မှ ပြဌာန်းလိုက်သော အမျိုးသားပညာရေးဥပဒေအား လိုက်နာကျင့်သုံး၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မှ စတင်ကာ KG မှ Grade 8 အထိ နှစ်စဉ်ထောင် နှင့် ချီသော ကိုရင်၊သာမဏေ၊ သီလရှင်၊ ကျောင်းသား/သူ များအား အခမဲ့ပညာသင်ကြားပေးနေသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကြီးဖြစ်သည်။