အောက်တိုဘာ (၂၈) ရက်
စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးတွင် တည်ထောင်ဖွင့်လှစ်ထားသောအိုင်ဘီအီးစီဗုဒ္ဓတက္ကသိုလ် Religious Studies ဘာသာပေါင်းစုံလေ့လာရေးဌာနတွင် Awareness of Humanitarian Assistance ခေါင်းစဉ်ဖြင့် လူသားချင်းဆိုင်ရာအကူအညီပေးရေးအသိပညာမျှဝေခြင်းသင်တန်းကို ယနေ့(28-10-2025) နံနက်(9:00) နာရီအချိန်တွင်စတင်ဖွင့်လှစ်သည်။
အဆိုပါသင်တန်းကို IBEC Buddhist University ပါမောက္ခချုပ်ဆရာတော်၏လမ်းညွှန်မူဖြင့် ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများဖြစ်သည့်( UNICEF, UNHCR, UNOCHA) တို့ပူးပေါင်းကာ တက္ကသိုလ်၏ဘာသာပေါင်းစုံအသိပညာပေးရေးအစီအစဉ်အဖြစ်ဖွင့်လှစ်ခြင်းဖြစ်လေသည်။သင်တန်းကာလမှာသုံးရက်တာသင်တန်းဖြစ်သဖြင့်(30-10-2025) ညနေတွင်သင်တန်းဆင်းလက်မှတ်ပေးအပ်မည်ဖြစ်သည်။
IBEC ဗုဒ္ဓတက္ကသိုလ်တည်ထောင်သူIBEC ဆရာတော်သည် ကမ္ဘာ့ကုလသမဂ္ဂ၊အာဆီယံအပါအဝင် ကမ္ဘာ့ဘာသာပေါင်းစုံအဖွဲ့အစည်းများတွင် ငြိမ်းချမ်းရေးသံတမန်အဖြစ်လည်းကောင်း လူသားချင်းဆိုင်ရာအကူအညီပေးရေးပူးပေါင်းဆောင်ရွက်သူအဖြစ်လည်းကောင်း မြန်မာနိုင်ငံ၏ပကတိမြေပြင်ပဋိပက္ခများချုပ်ငြိမ်းစေရန် စေ့စပ်ညှိနှိုင်းနိုင်ရေးဆောင်ရွက်နေသောပုဂ္ဂိုလ်ဖြစ်လေသည်။
ပြည်သူလူထု၏သောကအပူကို မြတ်ဗုဒ္ဓတရားတော်နှင့်အညီဓမ္မတရားလက်ကိုင်ထားကာမေတ္တာကရုဏာအပြည့်ဖြင့် ကူညီစောင့်ရှောက်ပေးနေပါသည်။
ယခုဖွင့်လှစ်သောသင်တန်းသည် နိုင်ငံတကာဥပဒေ ပြည်တွင်းဥပဒေများနှင့်အညီလုပ်ထုံးလုပ်နည်းများကိုနားလည်သဘောပေါက်စေရန်နှင့် မည်ကဲ့သို့စနစ်တကျဆောင်ရွက်ကြရမည်ကိုဘာသာရေးခေါင်းဆောင်များသိရှိစေရန်နှင့်လက်တွေ့ဆောင်ရွက်နိုင်စေရန်ဖွင့်လှစ်ခြင်းဖြစ်လေသည်။
သင်တန်းသားဦးရေ(30) ဦးတက်ရောက်ပြီး တက္ကသိုလ်ပါမောက္ခချုပ်IBEC ဆရာတော်ကအဖွင့်ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားကာဖွင့်လှစ်ခဲ့ပါသည်။