IBEC Buddhist University ကို ၂၀၂၄ ခုနှစ်တွင် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာအရှင်သောဘိတ မှ ဦးစီးတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓစာပေများအပြင် ဘာသာရပ်နယ်ပယ်ပေါင်းစုံပါဝင်သော ကမ္ဘာ့လူ့အသိုင်းအဝိုင်းနှင့် လိုက်လျောညီထွေစွာ နေထိုင်တတ်ပြီး အပြန်အလှန်နားလည်မှုနှင့် ညှိနှိုင်းလက်ခံနိုင်စွမ်းရှိသော နှလုံးရည်ပြည့်ဝသည့် ဘွဲ့ရပညာတတ်များ မွေးမြူပေးရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် တည်ထောင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ဤ တက္ကသိုလ်တွင် မဟာဝိဇ္ဇာဘွဲ့ (M.A.) နှင့် ပါရဂူဘွဲ့ (Ph.D.) အတန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပေသည်။
IBEC Buddhist University ကို ၂၀၂၄ ခုနှစ် မှ စတင်၍ တည်ထောင်ကာ
၁။ ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာအရှင်သောဘိတ။
၂။ မော်ကွန်းထိန်းဆရာတော် ဒေါက်တာဝဏ္ဏိတ။
၃။ ပါမောက္ခ ဒေါက်တာကောသလ္လ။
၄။ ပါမောက္ခ ဒေါက်တာဝိသုဒ္ဓ။
၅။ ပါမောက္ခ ဒေါက်တာဝဇီရ။
၆။ ပါမောက္ခ ဒေါက်တာသိင်္ဂါသီရိ။
၇။ ပါမောက္ခ ဒေါက်တာမောင်မောင်ဆွေ။
၈။ ပါမောက္ခ ဒေါက်တာထွေးထွေးယဥ်။
၉။ ပါမောက္ခ ဒေါက်တာအောင်ဇော်ဦး တို့ မှ တာဝန်ယူလည်ပတ်ဆောင်ရွက်လျက်ရှိပေသည်။
Our comprehensive programs and initiatives that are actively shaping the educational landscape
ဤတက္ကသိုလ်ရှိ မဟာဝိဇ္ဇာဘွဲ့သင်တန်းကို (၂) နှစ် သတ်မှတ်ထားပြီး ပြည်တွင်း/ပြည်ပ မှ သာသနဓဇဓမ္မာစရိယဘွဲ့ရ (သို့မဟုတ်) အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခု မှ ဘွဲ့ရရှိထားသူ မည်သူမဆို တက်ရောက်ပညာသင်ကြားနိုင်ပေသည်။ မဟာဝိဇ္ဇာဘွဲ့သင်တန်းကို Semester နှစ်ခုခွဲ၍ သင်ကြားပေးနေခြင်းဖြစ်ပြီး Assignment စစ်ဆေးခြင်း၊ Course End Test စစ်ဆေးခြင်းများဖြင့် သင်ကြားဆောင်ရွက်ပေးလျက်ရှိပေသည်။ ထို့အပြင် ဧည့်ပါမောက္ခများကို ဖိတ်ကြား၍ သင်ကြားခြင်း၊ သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပြီး သုတေသနကျမ်းပြုစုစေကာ အဆိုပါ သုတေသနကျမ်းအဆိုတင်သွင်းခြင်းအောင်မြင်ပါက IBEC Buddhist University မှ မဟာဝိဇ္ဇာဘွဲ့ကို ချီးမြှင့်အပ်နှင်းခြင်းဖြစ်သည်။
ဤတက္ကသိုလ်ရှိ ပါရဂူဘွဲ့သင်တန်းကို (၃) နှစ် မှ (၅) နှစ်အထိ သတ်မှတ်ထားပြီး ပြည်တွင်း/ပြည်ပ မှ မဟာဝိဇ္ဇာဘွဲ့ရ ရဟန်းရှင်လူပုဂ္ဂိုလ်များ တက်ရောက်နိုင်ပေသည်။ ပါရဂူဘွဲ့သင်တန်းကို Course Work အဖြစ် (၆) လ သတ်မှတ်ထားပြီး သုတေသနကျမ်းပြုစုခြင်းကို (၃) နှစ် မှ (၅) နှစ် အထိ သတ်မှတ်ထားပေသည်။ ထို့အပြင် ဧည့်ပါမောက္ခများကို ဖိတ်ကြား၍ သင်ကြားခြင်း၊ သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပြီး သုတေသနကျမ်းပြုစုစေကာ အဆိုပါ သုတေသနကျမ်းအဆိုတင်သွင်းခြင်းအောင်မြင်ပါက IBEC Buddhist University မှ ပါရဂူဘွဲ့ကို ချီးမြှင့်အပ်နှင်းခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ဘွဲ့နှင်းသဘင်အခမ်းအနား နှင့် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ပြီး ပြည်တွင်း/ပြည်ပ မှ သုတေသန စာတမ်းရှင်များတက်ရောက်၍ သုတေသနစာတမ်းဖတ်ကြားဆောင်ရွက်ခဲ့လေသည်။
IBEC Buddhist University အနေဖြင့် နိုင်ငံတကာတက္ကသိုလ်များ နှင့်လည်း ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအဖြစ် ထိုင်းနိုင်ငံရှိ မဟာချူလာ လောင်ကွန်းတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ် နှင့် နီပေါနိုင်ငံ လုမ္ဗိနီဗုဒ္ဓတက္ကသိုလ် တို့နှင့် လက်မှတ်ရေးထိုးထားပြီး ပညာရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပေသည်။