ဂျပန်နိုင်ငံ၊ ကာဝါဆာကီမြို့
နှစ်စဥ်ကျင်းပမြဲဖြစ်သော United Nations World Peace Association (UNWPA) ၏ 3rd International Conference အား IBEC ဆရာတော်ဘုရားမှ တက်ရောက်ပါဝင်ဆွေးနွေးလျက်ရှိသည်။
အဆိုပါ အစည်းအဝေးကို ဂျပန်နိုင်ငံ၊ကာဝါဆာကီမြို့၌ ကျင်းပနေခြင်းဖြစ်ပြီး UNWPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ IBEC ဆရာတော်အနေဖြင့် ယခုကျင်းပနေသော UNWPA 3rd International Conference တွင်လည်း “ THE CURRENT CHALLENGES WE ARE FACING” ခေါင်းစဥ်ဖြင့်မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။
ယခုကျင်းပနေသော အစည်းအဝေးသည် UNWPA ၏ အရေးကြီးပုဂ္ဂိုလ် (၂၀) ဦးကိုသာ သီးသန့် ဖိတ်ကြား၍ ကျင်းပသော Conference ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသူများသာ တက်ရောက်ပါဝင်ဆွေးနွေးခွင့်ရသော အစည်းအဝေးတစ်ရပ်ဖြစ်သည်။






