ပထမနှစ်ဝက် စာမေးပွဲစတင်ဖြေဆို

စစ်ကိုင်း၊ စက်တင်ဘာ ၂၅
IBEC ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် IBEC ဘ/က ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများသည် ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် ပထမနှစ်ဝက်စာမေးပွဲကို စတင်ဖြေဆိုခဲ့ကြသည်။

နံနက်ပိုင်းတွင် IBEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာဘာသာရပ်များ ဖြေဆိုကြပြီး၊ နေ့လည်ပိုင်းတွင် IBEC ဘ/က ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိသည်။

ငလျင်ဒဏ်များကြောင့် အဆောက်အဦးများ အပြည့်အဝမလုံလောက်သည့် အခက်အခဲများကြားထဲမှပင် ပညာရေးလုပ်ငန်းများကို IBEC ဆရာတော်မှ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။