စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး အိုင်ဘီအီးစီ ဗုဒ္ဓတက္ကသိုလ်မှာ ၂၀၂၆-ပညာသင်နှစ်အတွက် အောက်ဖော်ပြပါ အတန်းများတွင် ရဟန်းတော်၊ သီလရှင်၊ အမျိုးသား၊ အမျိုးသမီး မည်သူမဆို အသက်ကန့်သတ်ချက်မရှိ ကျောင်းသားသစ်များ လျှောက်ထားနိုင်ပါသည်။ တက္ကသိုလ်သို့ (အမြဲတမ်း) လာရောက်စရာမလိုပဲ ဗွီဒီယိုကွန်ဖရန့်စနစ်ဖြင့် အွန်လိုင်း(Zoom)မှ လေ့လာသင်ယူကြရပါမည်။
မဟာဝိဇ္ဇာတန်း Master of Arts in Buddhist Studies (M.A)အတွက် သင်တန်းကာလသည် (၂) နှစ် ကြာမြင့်မည်၊ ပထမနှစ်(ပညာသင်နှစ် သုံးခု)မှာ ဘာသာရပ်များ လေ့လာသင်ယူခြင်း-ပညာရှင်စာတမ်းများ ရေးသားခြင်း-တင်ပြဆွေးနွေးမေးမြန်းဖြေဆိုခြင်း-စိတ်ဝင်စားသည့်နယ်ပယ်အတွက် အထူးပြုလေ့လာသင်ယူခြင်းစသည်တို့ ပြုလုပ်ရမည်။ ဒုတိယနှစ်မှာ သုတေသနကျမ်းကြီးတစ်စောင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း အဆင့်ဆင့်ပြုလုပ်ပြီး ရေးသားတင်သွင်းရမည်။
ပါရဂူတန်း Doctor of Philosophy in Buddhist Studies (Ph.D)အတွက် သင်တန်းကာလသည် (၃)နှစ်မှ (၅)နှစ် ကြာမြင့်နိုင်မည်၊ ပထမနှစ် (ပညာသင်နှစ် နှစ်ခု)မှာ ဘာသာရပ်များ လေ့လာသင်ယူခြင်း-ပညာရှင်စာတမ်းများ ရေးသားခြင်း-တင်ပြဆွေးနွေးမေးမြန်းဖြေဆိုခြင်း-စိတ်ဝင်စားသည့်နယ်ပယ်အတွက် အထူးပြုလေ့လာသင်ယူခြင်းစသည်တို့ ပြုလုပ်ရမည်။လေ့လာသင်ယူခြင်းအလုပ် ပြုလုပ်ပြီးသည်မှစ၍ ပညာရေးဆောင်းပါး(၂)စောင်နှင့်အတူ သုတေသနကျမ်းကြီးတစ်ကျမ်း သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း အဆင့်ဆင့်ပြုလုပ်ပြီး ရေးသားတင်သွင်းရမည်။
လျှောက်လွှာ တင်သွင်းရာဝယ် အောက်ပါ အချက်အလက်များ ပါဝင်ရပါမည်။
(က)မူရင်းဘွဲ့လက်မှတ်မိတ္တူ
(ခ)အမှတ်စာရင်းနှင့်ထောက်ခံစာ
(ဂ)သာသနာဝင်ကဒ်မိတ္တူ (သို့မဟုတ်)မှတ်ပုံတင်မိတ္တူ
(ဃ)ပတ်စ်ပို့ဓာတ်ပုံ (၃)ပုံ
(င)လျှောက်လွှာဖောင်၌ ကိုယ်တိုင်လာရောက်ရန် ခက်ခဲသူများအနေဖြင့် အိုင်ဘီအီးစီဗုဒ္ဓတက္ကသိုလ်၏
ibecbuddhistuniversity@gmail.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
မူရင်းအထောက်အထားများကို ၀င်ခွင့်ဖြေဆိုမည့်နေ့တွင် တက္ကသိုလ်သို့ ယူဆောင်လာရပါမည်။
အသေးစိတ်သိရှိလိုပါက
ဒေါက်တာအရှင်ကောသလ္လ
၀၉၇၅၀၁၁၆၈၅၈
ဒေါက်တာအောင်ဇော်ဦး(လက်ထောက် မော်ကွန်းထိန်း)
၀၉၇၅၁၈၄၇၆၆၉
၀၉၇၉၉၃၆၈၂၄၅