၂၀၂၅ ခုနှစ် မတ်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ပြင်းအားကြီးငလျင်ကြောင့် နိုင်ငံတဝှမ်းရှိ ဘာသာရေးအဆောက်အအုံများ၊ အိုးအိမ်များ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါသည်။ အထူးသဖြင့် မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်ဒေသများတွင် ဆိုးရွားစွာ ထိခိုက်ခဲ့ပါသည်။ မိမိတို့ IBEC အနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့်ပြန်လည်ထူထောင်ရေး အကူအညီများ ပေးနိုင်ရန်အတွက် IBEC ဆရာတော်မှ နိုင်ငံတကာ(NGO,INGO)များနှင့် ချိတ်ဆက်ဆောင်ရွက်ကာ ပူးပေါင်းဆောင်ရွက်မူများ လုပ်ဆောင်ခဲ့ပါသည်။ ပြည်တွင်း၊ ပြည်ပအလှူရှင်များနဲ့ပူးပေါင်းကာ လိုအပ်သည့် စာနပ်ရိက္ခာ ဆေးဝါး များထောက်ပံ့လှူဒါန်းခြင်း ၊ ဘုန်းတော်ကြီးကျောင်းများပြန်လည်ပြုပြင်ရန်နှင့် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦးများအတွက် ထောက်ပံ့လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။