စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ခြင်း

၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ပဋိပက္ခများ မြင့်တက်လာမှုကြောင့် စစ်ကိုင်းတိုင်း ရှိ ပြည်သူများစွာသည် မိမိတို့နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ စစ်ဘေးရှောင်များ၏ အရေအတွက် များပြားလာမှုကြောင့် စားနပ်ရိက္ခာ ဖူလုံမှုမရှိခြင်း၊ ခိုလှုံရာနေရာ မလုံလောက်ခြင်း၊ ကျန်းမာရေးဝန်ဆောင်မှု ချို့တဲ့ခြင်း နှင့် ကလေးငယ်များ၏ ပညာရေး ပြတ်တောက်ခြင်း စသော လူမှုစီးပွားရေး အခက်အခဲများကို ကြုံတွေ့နေရပါသည်။

IBEC ၏ လုပ်ဆောင်ချက်များ

၂၀၂၃ ခုနှစ်မှစတင်၍ IBEC ဆရာတော် ဦးဆောင်ပြီး NGO၊ INGO အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စစ်ဘေးရှောင်များအား အောက်ပါလုပ်ငန်းများဖြင့် ကူညီထောက်ပံ့လျက်ရှိပါသည် –

✅ စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်သော ပစ္စည်းများ ထောက်ပံ့ခြင်း
✅ ကျန်းမာရေးအတွက် ဆေးဝါးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးခြင်း
✅ ကလေးငယ်များ၏ ပညာရေးအခက်အခဲများကို ဖြေရှင်းပေးခြင်း